Course Detail
Level 4Creator
ဝက်ဘ်ဆိုက်ဖန်တီးမှုနှင့် လက်တွေ့အသုံးချ နည်းပညာ
လူငယ်များအတွက် နည်းပညာခေတ်တွင် လက်တွေ့အသုံးချနိုင်မည့် Web Design, IoT နှင့် AI နည်းပညာများကို စာတွေ့လက်တွေ့ ပေါင်းစပ်သင်ကြားပေးမည့် နောက်ဆုံးအဆင့် ဖြစ်ပါသည်။

Course Detail
Level 4ဝက်ဘ်ဆိုက်ဖန်တီးမှုနှင့် လက်တွေ့အသုံးချ နည်းပညာ
လူငယ်များအတွက် နည်းပညာခေတ်တွင် လက်တွေ့အသုံးချနိုင်မည့် Web Design, IoT နှင့် AI နည်းပညာများကို စာတွေ့လက်တွေ့ ပေါင်းစပ်သင်ကြားပေးမည့် နောက်ဆုံးအဆင့် ဖြစ်ပါသည်။
Quick Highlights
Key Highlight 1
HTML နှင့် CSS ကို အသုံးပြု၍ ကိုယ်ပိုင် Webpage (ဝက်ဘ်ဆိုက်) များကို အစအဆုံး ဖန်တီးရေးဆွဲရပါမည်။
Key Highlight 2
Smart Homes (စမတ်အိမ်များ)၊ Sensors များ မည်သို့အလုပ်လုပ်သည်ကို လေ့လာပြီး၊ မိမိတို့ ပတ်ဝန်းကျင်နှင့် အနာဂတ်အသိုင်းအဝိုင်းအတွက် IoT နည်းပညာကို မည်သို့ အကျိုးရှိစွာ အသုံးချမည်ကို စဉ်းစားဖန်တီးရမည် ဖြစ်ပါသည်။
Key Highlight 3
Scratch ကို အသုံးပြု၍ Variables များ၊ အချိန်မှတ်စနစ်များ၊ Scoring များပါဝင်သည့် ပိုမိုရှုပ်ထွေးသော ကိုယ်ပိုင် မီနီဂိမ်းများ (ဥပမာ - သင်္ကြန်ရေကစားဂိမ်း) ကို စိတ်ကူးဉာဏ်ရင့်သန်စွာဖြင့် အဆင့်မြင့် ရေးဆွဲဖန်တီးရမည်ဖြစ်ပါသည်။
Key Highlight 4
Google Slides နှင့် Spreadsheets များကို ကျွမ်းကျင်စွာ အသုံးပြု၍ Data များကို တွက်ချက်ခြင်း (Formulas & Functions)၊ ဇယားဆွဲခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။
ပရိုဂရမ်၏ အဓိကရည်ရွယ်ချက် (Program Objectives)
ယနေ့ခေတ် ကျောင်းသား/သူများအား နည်းပညာကို "အသုံးပြုသူသက်သက် (Consumers)" အဖြစ်မှ၊ အကျိုးရှိစွာ အသုံးချနိုင်သည့် "ဖန်တီးရှင်များ (Creators)" အဖြစ်သို့ ပြောင်းလဲပျိုးထောင်ပေးရန် ဖြစ်ပါသည်။
ဤ 4-Level Summer Program သည် နိုင်ငံတကာအဆင့်မီ Cambridge IGCSE Computing သင်ရိုးညွှန်းတမ်း ကို အခြေခံ၍ ခေတ်မီ ဉာဏ်ရည်တုနည်းပညာ (AI Integration) များကိုပါ ပေါင်းစပ်ထည့်သွင်းကာ မြန်မာကျောင်းသား/သူများနှင့် ကိုက်ညီအောင် ကျွမ်းကျင်ပညာရှင်များမှ အထူးပြုပြင်ရေးဆွဲထားပြီး၊ ကျောင်းသား/သူများ၏ အသက်အရွယ်နှင့် လေ့လာသင်ယူနိုင်စွမ်းအပေါ် မူတည်၍ အဆင့် (၄) ဆင့်ခွဲခြားကာ စနစ်တကျ သင်ကြားပေးမည့် နွေရာသီ နည်းပညာသင်တန်း ဖြစ်ပါသည်။
Learning Overview
လူငယ်များအတွက် နည်းပညာခေတ်တွင် လက်တွေ့အသုံးချနိုင်မည့် Web Design, IoT နှင့် AI နည်းပညာများကို စာတွေ့လက်တွေ့ ပေါင်းစပ်သင်ကြားပေးမည့် နောက်ဆုံးအဆင့် ဖြစ်ပါသည်။
Learning Modules
HTML နှင့် CSS ကို အသုံးပြု၍ ကိုယ်ပိုင် Webpage (ဝက်ဘ်ဆိုက်) များကို အစအဆုံး ဖန်တီးရေးဆွဲရပါမည်။
ထို့အပြင် ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်မည့် App များအတွက် Wireframes (ပုံကြမ်း) များဆွဲ၍ App Planning လုပ်နည်းများကိုပါ သင်ယူရမည်ဖြစ်ပါသည်။
Smart Homes (စမတ်အိမ်များ)၊ Sensors များ မည်သို့အလုပ်လုပ်သည်ကို လေ့လာပြီး၊ မိမိတို့ ပတ်ဝန်းကျင်နှင့် အနာဂတ်အသိုင်းအဝိုင်းအတွက် IoT နည်းပညာကို မည်သို့ အကျိုးရှိစွာ အသုံးချမည်ကို စဉ်းစားဖန်တီးရမည် ဖြစ်ပါသည်။
Scratch ကို အသုံးပြု၍ Variables များ၊ အချိန်မှတ်စနစ်များ၊ Scoring များပါဝင်သည့် ပိုမိုရှုပ်ထွေးသော ကိုယ်ပိုင် မီနီဂိမ်းများ (ဥပမာ - သင်္ကြန်ရေကစားဂိမ်း) ကို စိတ်ကူးဉာဏ်ရင့်သန်စွာဖြင့် အဆင့်မြင့် ရေးဆွဲဖန်တီးရမည်ဖြစ်ပါသည်။
Google Slides နှင့် Spreadsheets များကို ကျွမ်းကျင်စွာ အသုံးပြု၍ Data များကို တွက်ချက်ခြင်း (Formulas & Functions)၊ ဇယားဆွဲခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။
ရရှိလာသော အချက်အလက်များကို အသုံးပြု၍ သေသပ်လှပသော Presentation (တင်ဆက်မှု) များ ဖန်တီးခြင်းကိုပါ လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။
AI ဆိုသည်မှာ အဘယ်နည်း၊ မည်သို့ အလုပ်လုပ်သည်ကို နက်နက်ရှိုင်းရှိုင်း လေ့လာရမည့်အပြင်၊ AI ကို မှန်ကန်စွာ မေးခွန်းမေးတတ်ရန် (Prompting) နှင့် AI ကို အသုံးပြုရာတွင် သိထားသင့်သော ကျင့်ဝတ်နှင့် ဘေးကင်းလုံခြုံရေးများကိုပါ ဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ပါသည်။
လုပ်ငန်းခွင်ဝင်ရောက်မည့် လူငယ်များအတွက် မရှိမဖြစ်လိုအပ်သော Teamwork, Leadership (ခေါင်းဆောင်မှုစွမ်းရည်)၊ Communication Skills နှင့် Presentation Skills များကို သင်တန်းကာလတစ်လျှောက်လုံးတွင် စနစ်တကျ လေ့ကျင့်ပိုးထောင်ပေးသွားမည် ဖြစ်ပါသည်။
Final Project Showcase
A premium end-of-level build that helps parents see what their child can confidently create.
သင်တန်းပြီးဆုံးချိန်တွင် ကျောင်းသား/သူများသည် သင်ယူခဲ့သော နည်းပညာများအားလုံးကို ပေါင်းစပ်၍ “My Smart Community of the Future” ဟူသော ခေါင်းစဉ်ဖြင့် Webpage၊ Chart များနှင့် Game များပါဝင်သည့် Project ကြီးတစ်ခုကို ကိုယ်တိုင် တည်ဆောက်ကာ မိဘများရှေ့တွင် တင်ဆက်ပြသရမည် ဖြစ်ပါသည်။
Learning Path
Learning Pathway Outcome
English
From beginner to advanced, FICOLO students gain both academic excellence and real-world technology skills that prepare them for global opportunities.
မြန်မာ
ဒီ program အားလုံးကို ပြီးဆုံးသွားသော ကျောင်းသား/သူများသည် IGCSE O/A Level Computing အတွက် အခြေခံကောင်းများ ရရှိရုံသာမက AI နှင့် IT ကို လက်တွေ့အသုံးချနိုင်သော စွမ်းရည်များကိုပါ ရရှိနိုင်ပါသည်။