← Back to Programs

Course Detail

Level 1

Explorer

အခြေခံ နည်းပညာစူးစမ်းလေ့လာခြင်း

နည်းပညာကမ္ဘာထဲသို့ စတင်ခြေလှမ်းမည့် ကလေးငယ်များအတွက် အသင့်တော်ဆုံးနှင့် အခြေခံအကျဆုံး အဆင့်ဖြစ်ပါသည်။

Age

၇ နှစ် မှ ၉ နှစ် အထိ

Duration

၃ လ

Schedule

တစ်ပတ်လျှင် ၂ ရက် (တစ်ရက်လျှင် ၁ နာရီ ၃၀ မိနစ်)

Quick Highlights

Key Highlight 1

နည်းပညာ အခြေခံအုတ်မြစ် (Tech Foundation)

ကွန်ပျူတာ၊ လက်တော့ပ်၊ တက်ဘလက် စသည့် စက်ပစ္စည်းများ၏ ကွာခြားချက်များကို နားလည်စေပြီး၊ Keyboard, Mouse နှင့် Touchscreen တို့ကို စနစ်တကျ အသုံးပြုတတ်အောင် အခြေခံမှစ၍ လေ့ကျင့်ပေးပါမည်။

Key Highlight 2

အွန်လိုင်းကမ္ဘာမှ လုံခြုံရေးနှင့် ယဉ်ကျေးမှု (Digital Safety & Citizenship)

အင်တာနက်အသုံးပြုရာတွင် ကိုယ်ပိုင်အချက်အလက်များကို မည်သို့ ကာကွယ်ရမည်၊ အွန်လိုင်းတွင် အခြားသူများနှင့် ဆက်သွယ်ရာတွင် မည်သို့ ယဉ်ကျေးစွာ ပြောဆိုပြုမူရမည်ကို လက်တွေ့ ဇာတ်ကောင်လေးများဖြင့် သရုပ်ဖော် သင်ကြားပေးမည်ဖြစ်ပါသည်။

Key Highlight 3

စဉ်းစားတွေးခေါ်မှုနှင့် ပရိုဂရမ်ရေးဆွဲခြင်း (Logical Thinking & Coding)

ScratchJr ကို အသုံးပြု၍ ကိုယ်ပိုင် အန်နီမေးရှင်းများ၊ ဂိမ်းများနှင့် ပုံပြင်လေးများကို ဖန်တီးရင်း အဆင့်လိုက် စနစ်တကျ တွေးခေါ်တတ်သည့် (Algorithms) နှင့် အမှားရှာဖွေပြင်ဆင်ခြင်း (Debugging) စွမ်းရည်များကို ရရှိစေပါမည်။

Key Highlight 4

ဒစ်ဂျစ်တယ် အနုပညာနှင့် အချက်အလက်များ (Digital Art, Music & Data)

နည်းပညာကို အသုံးပြု၍ ပန်းချီဆွဲခြင်း၊ ဂီတအသံလေးများ ဖန်တီးခြင်းတို့အပြင်၊ အချက်အလက်များကို စုဆောင်း၍ ကွန်ပျူတာဖြင့် ဇယားများ (Charts) အဖြစ် မည်သို့ပြောင်းလဲဖော်ပြရမည်ကို လေ့လာရမည်ဖြစ်ပါသည်။

ပရိုဂရမ်၏ အဓိကရည်ရွယ်ချက် (Program Objectives)

ယနေ့ခေတ် ကျောင်းသား/သူများအား နည်းပညာကို "အသုံးပြုသူသက်သက် (Consumers)" အဖြစ်မှ၊ အကျိုးရှိစွာ အသုံးချနိုင်သည့် "ဖန်တီးရှင်များ (Creators)" အဖြစ်သို့ ပြောင်းလဲပျိုးထောင်ပေးရန် ဖြစ်ပါသည်။

ဤ 4-Level Summer Program သည် နိုင်ငံတကာအဆင့်မီ Cambridge IGCSE Computing သင်ရိုးညွှန်းတမ်း ကို အခြေခံ၍ ခေတ်မီ ဉာဏ်ရည်တုနည်းပညာ (AI Integration) များကိုပါ ပေါင်းစပ်ထည့်သွင်းကာ မြန်မာကျောင်းသား/သူများနှင့် ကိုက်ညီအောင် ကျွမ်းကျင်ပညာရှင်များမှ အထူးပြုပြင်ရေးဆွဲထားပြီး၊ ကျောင်းသား/သူများ၏ အသက်အရွယ်နှင့် လေ့လာသင်ယူနိုင်စွမ်းအပေါ် မူတည်၍ အဆင့် (၄) ဆင့်ခွဲခြားကာ စနစ်တကျ သင်ကြားပေးမည့် နွေရာသီ နည်းပညာသင်တန်း ဖြစ်ပါသည်။

Learning Overview

နည်းပညာကမ္ဘာထဲသို့ စတင်ခြေလှမ်းမည့် ကလေးငယ်များအတွက် အသင့်တော်ဆုံးနှင့် အခြေခံအကျဆုံး အဆင့်ဖြစ်ပါသည်။

Learning Modules

၁။

နည်းပညာ အခြေခံအုတ်မြစ် (Tech Foundation)

ကွန်ပျူတာ၊ လက်တော့ပ်၊ တက်ဘလက် စသည့် စက်ပစ္စည်းများ၏ ကွာခြားချက်များကို နားလည်စေပြီး၊ Keyboard, Mouse နှင့် Touchscreen တို့ကို စနစ်တကျ အသုံးပြုတတ်အောင် အခြေခံမှစ၍ လေ့ကျင့်ပေးပါမည်။

၂။

အွန်လိုင်းကမ္ဘာမှ လုံခြုံရေးနှင့် ယဉ်ကျေးမှု (Digital Safety & Citizenship)

အင်တာနက်အသုံးပြုရာတွင် ကိုယ်ပိုင်အချက်အလက်များကို မည်သို့ ကာကွယ်ရမည်၊ အွန်လိုင်းတွင် အခြားသူများနှင့် ဆက်သွယ်ရာတွင် မည်သို့ ယဉ်ကျေးစွာ ပြောဆိုပြုမူရမည်ကို လက်တွေ့ ဇာတ်ကောင်လေးများဖြင့် သရုပ်ဖော် သင်ကြားပေးမည်ဖြစ်ပါသည်။

၃။

စဉ်းစားတွေးခေါ်မှုနှင့် ပရိုဂရမ်ရေးဆွဲခြင်း (Logical Thinking & Coding)

ScratchJr ကို အသုံးပြု၍ ကိုယ်ပိုင် အန်နီမေးရှင်းများ၊ ဂိမ်းများနှင့် ပုံပြင်လေးများကို ဖန်တီးရင်း အဆင့်လိုက် စနစ်တကျ တွေးခေါ်တတ်သည့် (Algorithms) နှင့် အမှားရှာဖွေပြင်ဆင်ခြင်း (Debugging) စွမ်းရည်များကို ရရှိစေပါမည်။

၄။

ဒစ်ဂျစ်တယ် အနုပညာနှင့် အချက်အလက်များ (Digital Art, Music & Data)

နည်းပညာကို အသုံးပြု၍ ပန်းချီဆွဲခြင်း၊ ဂီတအသံလေးများ ဖန်တီးခြင်းတို့အပြင်၊ အချက်အလက်များကို စုဆောင်း၍ ကွန်ပျူတာဖြင့် ဇယားများ (Charts) အဖြစ် မည်သို့ပြောင်းလဲဖော်ပြရမည်ကို လေ့လာရမည်ဖြစ်ပါသည်။

၅။

အနာဂတ်အတွက် ဉာဏ်ရည်တု (AI Integration)

AI (ဉာဏ်ရည်တု) ဆိုသည်မှာ အဘယ်နည်း၊ လူသားများကို မည်သို့ ကူညီပေးနေသနည်း ဆိုသည်ကို ကလေးများ နားလည်သဘောပေါက်လွယ်မည့် ကစားနည်းများဖြင့် မိတ်ဆက်ပေးသွားပါမည်။

၆။

ဘဝအတွက် မရှိမဖြစ်လိုအပ်သော စွမ်းရည်များ (Essential Soft Skills)

သူငယ်ချင်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်ရန် (Teamwork)၊ မိမိ၏ အကြံဉာဏ်များကို သူတစ်ပါး နားလည်အောင် သေချာရှင်းပြနိုင်ရန် (Communication Skills) နှင့် ပရောဂျက်များကို လူအများရှေ့တွင် ရဲဝင့်ယုံကြည်စွာ တင်ဆက်ပြသနိုင်ရန် (Presentation Skills) စသည့် Soft Skills များကိုပါ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။

Final Project Showcase

A premium end-of-level build that helps parents see what their child can confidently create.

သင်တန်းပြီးဆုံးချိန်တွင် ကလေးငယ်များသည် သင်ယူခဲ့သော နည်းပညာများကို ပေါင်းစပ်၍ "ကိုယ်ပိုင် ဒစ်ဂျစ်တယ် ပုံပြင် (သို့မဟုတ်) မီနီဂိမ်းလေးများ" ကို ကိုယ်တိုင် ဖန်တီးကာ မိဘများရှေ့တွင် ဂုဏ်ယူစွာ ရှင်းလင်းပြသရမည် ဖြစ်ပါသည်။

Learning Path

Learning Pathway Outcome

English

From beginner to advanced, FICOLO students gain both academic excellence and real-world technology skills that prepare them for global opportunities.

မြန်မာ

ဒီ program အားလုံးကို ပြီးဆုံးသွားသော ကျောင်းသား/သူများသည် IGCSE O/A Level Computing အတွက် အခြေခံကောင်းများ ရရှိရုံသာမက AI နှင့် IT ကို လက်တွေ့အသုံးချနိုင်သော စွမ်းရည်များကိုပါ ရရှိနိုင်ပါသည်။