← Back to Programs

Course Detail

Level 2

Learner 1

တီထွင်ဖန်တီးမှု စတင်ခြင်း

အခြေခံကွန်ပျူတာကို ရင်းနှီးပြီးသား ကျောင်းသား/သူများအတွက် ၎င်းတို့၏ စိတ်ကူးယဉ်ဖန်တီးမှုများကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ဒုတိယအဆင့် ဖြစ်ပါသည်။

Age

၁၀ နှစ် မှ ၁၂ နှစ် အထိ

Duration

၃ လ

Schedule

တစ်ပတ်လျှင် ၂ ရက် (တစ်ရက်လျှင် ၁ နာရီ ၃၀ မိနစ်)

Quick Highlights

Key Highlight 1

အန်နီမေးရှင်း ဖန်တီးရှင် (Be an Animator)

Scratch ကို အသုံးပြု၍ ဇာတ်ကောင်လေးများ ရွေ့လျားခြင်း၊ ပုံစံပြောင်းခြင်း (Costume Changes) များပါဝင်သော ကိုယ်ပိုင် အန်နီမေးရှင်း (Animation) များ ဖန်တီးရင်း အမှားရှာဖွေပြင်ဆင်ခြင်း (Debugging) များကိုပါ သင်ယူရမည်ဖြစ်ပါသည်။

Key Highlight 2

ကိုယ်ပိုင် ဂိမ်းရေးဆွဲခြင်း (Be a Game Starter & Designer)

ဂိမ်းတစ်ခုတွင် မပါမဖြစ်သော အမှတ်ပေးစနစ် (Scoring)၊ အချိန်မှတ်စနစ် (Timers) နှင့် ဇာတ်ကောင်များ အချင်းချင်း တုံ့ပြန်မှုများကို ထည့်သွင်း၍ ကိုယ်ပိုင် မီနီဂိမ်းလေးများကို အစအဆုံး ကိုယ်တိုင် ရေးဆွဲဖန်တီးရမည် ဖြစ်ပါသည်။

Key Highlight 3

အချက်အလက်များကို လေ့လာခြင်း (Data Storyteller)

အချက်အလက် (Data) များကို စုဆောင်း၍ Tally Charts၊ Bar Charts စသည့် ဇယားများအဖြစ် မည်သို့ပြောင်းလဲဖော်ပြမည်၊ ဇယားများကို ကြည့်၍ အချက်အလက်များကို မည်သို့ ဖတ်ရှုခွဲခြမ်းစိတ်ဖြာမည် ဆိုသည်ကို လေ့လာရမည်ဖြစ်ပါသည်။

Key Highlight 4

စနစ်တကျ တွေးခေါ်မှု အဆင့်ဆင့် (Flowcharts & Algorithms)

နေ့စဉ်လုပ်ငန်းဆောင်တာများမှစ၍ ကွန်ပျူတာ ပရိုဂရမ်များအထိ အလုပ်လုပ်ပုံ အဆင့်ဆင့် (Flowcharts) များကို စနစ်တကျ ရေးဆွဲတတ်အောင် သင်ကြားပေးပါမည်။

ပရိုဂရမ်၏ အဓိကရည်ရွယ်ချက် (Program Objectives)

ယနေ့ခေတ် ကျောင်းသား/သူများအား နည်းပညာကို "အသုံးပြုသူသက်သက် (Consumers)" အဖြစ်မှ၊ အကျိုးရှိစွာ အသုံးချနိုင်သည့် "ဖန်တီးရှင်များ (Creators)" အဖြစ်သို့ ပြောင်းလဲပျိုးထောင်ပေးရန် ဖြစ်ပါသည်။

ဤ 4-Level Summer Program သည် နိုင်ငံတကာအဆင့်မီ Cambridge IGCSE Computing သင်ရိုးညွှန်းတမ်း ကို အခြေခံ၍ ခေတ်မီ ဉာဏ်ရည်တုနည်းပညာ (AI Integration) များကိုပါ ပေါင်းစပ်ထည့်သွင်းကာ မြန်မာကျောင်းသား/သူများနှင့် ကိုက်ညီအောင် ကျွမ်းကျင်ပညာရှင်များမှ အထူးပြုပြင်ရေးဆွဲထားပြီး၊ ကျောင်းသား/သူများ၏ အသက်အရွယ်နှင့် လေ့လာသင်ယူနိုင်စွမ်းအပေါ် မူတည်၍ အဆင့် (၄) ဆင့်ခွဲခြားကာ စနစ်တကျ သင်ကြားပေးမည့် နွေရာသီ နည်းပညာသင်တန်း ဖြစ်ပါသည်။

Learning Overview

အခြေခံကွန်ပျူတာကို ရင်းနှီးပြီးသား ကျောင်းသား/သူများအတွက် ၎င်းတို့၏ စိတ်ကူးယဉ်ဖန်တီးမှုများကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ဒုတိယအဆင့် ဖြစ်ပါသည်။

Learning Modules

၁။

အန်နီမေးရှင်း ဖန်တီးရှင် (Be an Animator)

Scratch ကို အသုံးပြု၍ ဇာတ်ကောင်လေးများ ရွေ့လျားခြင်း၊ ပုံစံပြောင်းခြင်း (Costume Changes) များပါဝင်သော ကိုယ်ပိုင် အန်နီမေးရှင်း (Animation) များ ဖန်တီးရင်း အမှားရှာဖွေပြင်ဆင်ခြင်း (Debugging) များကိုပါ သင်ယူရမည်ဖြစ်ပါသည်။

၂။

ကိုယ်ပိုင် ဂိမ်းရေးဆွဲခြင်း (Be a Game Starter & Designer)

ဂိမ်းတစ်ခုတွင် မပါမဖြစ်သော အမှတ်ပေးစနစ် (Scoring)၊ အချိန်မှတ်စနစ် (Timers) နှင့် ဇာတ်ကောင်များ အချင်းချင်း တုံ့ပြန်မှုများကို ထည့်သွင်း၍ ကိုယ်ပိုင် မီနီဂိမ်းလေးများကို အစအဆုံး ကိုယ်တိုင် ရေးဆွဲဖန်တီးရမည် ဖြစ်ပါသည်။

၃။

အချက်အလက်များကို လေ့လာခြင်း (Data Storyteller)

အချက်အလက် (Data) များကို စုဆောင်း၍ Tally Charts၊ Bar Charts စသည့် ဇယားများအဖြစ် မည်သို့ပြောင်းလဲဖော်ပြမည်၊ ဇယားများကို ကြည့်၍ အချက်အလက်များကို မည်သို့ ဖတ်ရှုခွဲခြမ်းစိတ်ဖြာမည် ဆိုသည်ကို လေ့လာရမည်ဖြစ်ပါသည်။

၄။

စနစ်တကျ တွေးခေါ်မှု အဆင့်ဆင့် (Flowcharts & Algorithms)

နေ့စဉ်လုပ်ငန်းဆောင်တာများမှစ၍ ကွန်ပျူတာ ပရိုဂရမ်များအထိ အလုပ်လုပ်ပုံ အဆင့်ဆင့် (Flowcharts) များကို စနစ်တကျ ရေးဆွဲတတ်အောင် သင်ကြားပေးပါမည်။

ဤသည်မှာ ကျောင်းသားများ၏ Logical Thinking ကို များစွာ တိုးတက်စေမည်ဖြစ်ပါသည်။

၅။

အွန်လိုင်း လုံခြုံရေးနှင့် အနာဂတ် ဉာဏ်ရည်တု (Data Safety & AI)

အွန်လိုင်းတွင် ကိုယ်ပိုင်အချက်အလက်များကို မည်သို့ လုံခြုံအောင်ထားရမည်ကို သင်ယူရမည့်အပြင်၊ သင်ခန်းစာတိုင်းတွင် AI က မိမိတို့၏ ဖန်တီးမှုများကို မည်သို့ ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်သည်ကိုပါ လေ့လာသွားရမည်ဖြစ်ပါသည်။

၆။

ဘဝအတွက် မရှိမဖြစ်လိုအပ်သော စွမ်းရည်များ (Essential Soft Skills)

နည်းပညာရပ်များအပြင် သူငယ်ချင်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်ရန် (Teamwork)၊ မိမိ၏ အကြံဉာဏ်များကို သူတစ်ပါး နားလည်အောင် သေချာရှင်းပြနိုင်ရန် (Communication Skills) နှင့် ပရောဂျက်များကို လူအများရှေ့တွင် ရဲဝင့်ယုံကြည်စွာ တင်ဆက်ပြသနိုင်ရန် (Presentation Skills) စသည့် Soft Skills များကိုပါ သင်တန်းကာလတစ်လျှောက်လုံးတွင် စနစ်တကျ လေ့ကျင့်ပိုးထောင်ပေးသွားမည် ဖြစ်ပါသည်။

Final Project Showcase

A premium end-of-level build that helps parents see what their child can confidently create.

သင်တန်းပြီးဆုံးချိန်တွင် ကျောင်းသား/သူများသည် သင်ယူခဲ့သော နည်းပညာများကို ပေါင်းစပ်၍ "ကိုယ်ပိုင် မီနီဂိမ်း (သို့မဟုတ်) အန်နီမေးရှင်း ပရောဂျက်" အသစ်တစ်ခုကို ဖန်တီးကာ မိဘများရှေ့တွင် တင်ဆက်ပြသရမည် ဖြစ်ပါသည်။

Learning Path

Learning Pathway Outcome

English

From beginner to advanced, FICOLO students gain both academic excellence and real-world technology skills that prepare them for global opportunities.

မြန်မာ

ဒီ program အားလုံးကို ပြီးဆုံးသွားသော ကျောင်းသား/သူများသည် IGCSE O/A Level Computing အတွက် အခြေခံကောင်းများ ရရှိရုံသာမက AI နှင့် IT ကို လက်တွေ့အသုံးချနိုင်သော စွမ်းရည်များကိုပါ ရရှိနိုင်ပါသည်။